Thursday, March 13, 2008

အာဏာရှင် ချေမှုန်းရေး အင်အားစု၏ လမ်းစဉ်

(၁) - ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျစိုးမိုးသော အာဏာရှင် စနစ်

- သက်ဦးဆံပိုင် ပဒေသရာဇ် အာဏာရှင် စနစ် နှင့်

- စစ်အာဏာရှင်စနစ် အစရှိသော မည်သည့် အာဏာရှင် စနစ် မဆို

"အာဏာရှင်စနစ်မှန်သမျှအား အမြစ်ဖြတ်ချေမှုန်းရန်"

(၂) အဆိုပါအာဏာရှင် စနစ်များ နေရာ၌

- ပြည်သူတို့၏ လုပ်ပိုင်ခွင့် အာဏာ

- ပြည်သူတို့ တင်မြှောက်လိုက်သော အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့် အာဏာနှင့်

- လူ့အခွင့်အရေး နှင့် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေး လမ်းစဉ် အတွက် အခြေခံ လိုအပ်ချက်များအား ပေးဆပ် ဖြည့်ဆီးသွားရန်။

ကျင့်သုံးမည့် လမ်းစဉ်

(၁) အရိုးစွဲ အနယ်ထိုင်နေသော အာဏာရှင် အကျင့်ဆိုးအား အမြစ်ပြုတ် တော်လှန်သွားမည်။

(၂) ထိုသို့ တော်လှန်ရေး သွားရာ လမ်းစဉ် တလျှောက်နှင့် အကျွန်ုပ်တို့ မြန်မာပြည်၏ ရှေ့သမိုင်းစဉ် တလျှောက်လုံး မည်သည့် အာဏာရှင် အမျိုးအစားမျှ ထပ်မံ မပေါ်ပေါက်အောင် ဆောင်ရွက် သွားမည်။ (ဖက်ဆစ် တော်လှန်ရေးမှ စစ်အာဏာရှင် စနစ် မွေးထုတ် ပေးလိုက်ခြင်းအား ဥပမာ အဖြစ် သင်ခန်းစာ ယူထားပါသည်။)

(၃) အာဏာရှင်စနစ်ကို အားပေး အားမြောက်ပြုရာ ရောက်သည့် အစဉ်အလာယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အယူဝါဒများနှင့် အာဏာရှင်တို့က ခေတ်အဆက်ဆက် မွေးဖွားပေးခဲ့သည့် အစဉ်အလာစရိုက်ဆိုးများအား အမြစ်ပါမကျန် တော်လှန် ပြောင်းလှဲပြစ်မည်။

(၄) အကျွန်ုပ်တို့သည် လူသားအချင်းချင်း အပြန်အလှန် တန်ဖိုးထား လေးစားမှူနှင့် တစ်ဦးချင်း၏ ကိုယ်ပိုင်လူ့အခွင့်အရေးများကို လေးစားလိုက်နာပြီး ရိုးရှင်း ပွင့်လင်းသည့် လူမှူဆက်ဆံရေးစနစ်ကို ဘက်ပေါင်းစုံမှ ထူထောင် သွားမည်။

No comments: