Thursday, March 13, 2008

တော်လှန်ရေးလုပ်ရန် နှိုးဆော်လွှာ

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ 

ကျွန်ုပ်တို့ သည် လူသားစင်စစ် ဖြစ်ကြပါပေ၏။
လူသားများ ဖြစ်ကြပါသော်လည်း၊ လူသားများ ခံစားပိုင်ခွင့် ကောင်းမွေများ အားလုံး ဆုံးရှုံး နေကြရ၏။ ဖိနှိပ် ချုပ်ချယ် ခံနေကြရ၏။ အနှိမ်ခံ၊ အခိုင်းခံ ဘ၀များဖြင့် နေ့စဉ် ကြုံတွေ့ နေကြရ၏။ နိုင်ငံတကာတွင် အောက်ခြေ အလုပ်သမားများအဖြစ် ပင်ပန်းဆင်းရဲစွာ ရှာဖွေ စားသောက် နေကြရ၏။

အကျင့် စာရိတ္တများ ကောင်းမွန် ပါသော်လည်း အထင် အမြင် သေးခံ နေကြရ၏။ ပညာရေး အဆင့်အတန်းများ နိမ့်ပါးနေကြရ၏။ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေ၏။ ရက်ရက် စက်စက် နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခံနေရ၏။စော်ကားခံနေရ၏။

ဤကဲ့သို့ ကျွန်ုပ်တို့ ခံစား နေရခြင်းသည် တခြားကြောင့်မဟုတ်၊ကျွန်ုပ်တို့ နိုင်ငံ၌ စစ်အာဏာရှင် ဗိုလ် တစုက ကြီးစိုး အုပ်ချုပ်ထားလို့ ဖြစ်ပါသည်။

စစ်တပ်(စစ်သား) ဆိုသည်မှာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ လူထုတို့ ၏ ခြံစည်းရိုး ခေါ် တံတိုင်းကြီးသာဖြစ်သည်။ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ လူထုတို့ အား တိုင်းတပါးသားတို့ မှ လာရောက်ကျူးးကျော် ရန်စသည့်အခါ စစ်တပ်(စစ်သား)သည် ကာကွယ်ပေးရမည်။ တိုက်ခိုက်ပေးရမည်။ ထိုတာဝန်ကို အခမဲ့ ထမ်းဆောင် ခိုင်းထားခြင်း မဟုတ်၊နိုင်ငံတော်မှ ထိုက်သင့်သည် ရိက္ခာ(စားစရာ)အ၀တ် နေရာထိုင်ခင်း လစာငွေနှင့် အခြားသော ခံစားခွင့်များကို အပြည့်အ၀ ပေးထားပါသည်။

ရှင်းရှင်းလင်းလင်း ပြောရမည် ဆိုလျှင် စစ်တပ်ဆိုသည်မှာ အိမ်တစ်အိမ်တွင် ငှားထား
သော အစောင့်ပမာသာ ဖြစ်သည်။

အစောင့်သည် မိမိအား ငှားထားသော အိမ်ရှင်၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာတို့  ကို မပျက်မစည်းအောင် စောင့်ရှောက်ရမည်။ သူခိုး ဓါးပြရန်မှ ကာကွယ်ပေးရမည်။အစောင့်၏
တာဝန်သည် ဤမျှသာဖြစ်သည်။

ယနေ့ ကျွန်ုပ်တို့ နိုင်ငံ၌ အစောင့်ချထားသော သူများသည်၊ ကျွန်ုပ်တို့ နိုင်ငံပိုင် ကျွန်ုပ်
တို့၏ ကိုယ်ပိုင် ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ကြရုံတင်ပင်မက ယခုဆိုလျှင် ပြောင်ပြောင် တင်းတင်းပင် ယူဆောင်နေကြပေသည်။

ထိုမျှသာ မက ကျွန်ုပ်တို့ တပ်ဆင်ပေးထားသော လက်နက် ခဲယမ်းများဖြင့် ကျွန်ုပ်တို့ အား ရိုက်နှက် ပစ်ခတ် သတ်ဖြတ်နေသည်။

ဤကဲ့သို့ ယုတ်မာဆိုးသွမ်းသည့် အစောင့်များအား ဆက်လက်ထားရှိပါက ကျွန်ုပ်တို့ 
သည် အိမ်မဲ့ ယာမဲ့ ခြံမဲ့များဘ၀သို့ တဖြည်းဖြည်း ရောက်ရှိပြီး သူတောင်းစား ဖြစ်မှန်းမသိ ဖြစ်
လာရပါလိမ့်မည်။

ထိုအစောင့်များကို ကျွန်ုပ်တို့ ခြံဝန်း အတွင်းမှ အလျင်အမြန် တိုက်ထုတ်မှ သာလျင်
ကျွန်ုပ်တို့ သည် ကိုယ့်အိမ် ကိုယ့်ခြံ ကိုယ်မြေမှာ အေးအေး ချမ်းချမ်းပြန်လည် လုပ်ကိုင်စား သောက် နိုင်ပါလိမ့်မည်။

ထိုအစောင့်များကို ပြန်လည်တိုက်ထုတ်ရာတွင် ကျွန်ုပ်တို့ သည် နည်းလမ်း(၄)
ကြောင်းရွေးချယ်ထားရမည်။
ထိုနည်းလမ်း(၄)ကြောင်းမှာ-
၁။ အေးအေး ဆေးဆေး တွေ့ ဆုံဆွေးနွေးပြီး ပြောဆိုရမည်။ မရပါက
၂။ လူစု လူဝေးနှင့် အော်ဟစ်မောင်းထုတ်ရမည်။ မရပါက
၃။ တုတ် ဓါး ခဲတို့ ဖြင့် ပစ်ပေါက်မောင်းထုတ်ရမည်။ မရပါက
၎။ ရရာ လက်နက် ဆွဲကိုင်ပြီး ၀င်ရောက် တိုက်ခှိုက်ရမည်။

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ 
မြန်မာနိုင်ငံ တည်းဟူသော ကျွန်ုပ်တို့၏ ခြံဝန်းကြီး ထဲတွင် ရွှေငွေ ကျောက်သံ ပတ္တမြား သစ်ဝါး ဂတ်စ် ရေနံ သားငါး စပါး အကုန်ရှိ၏။

ထိုပစ္စည်းများကို ကျွန်ုပ်တို့ ခြံပိုင်ရှင်များ သုံးဆောင် ခံစားခြင်း မပြုနိုင်အောင် ခြံစောင့်
များမှ ကျွန်ုပ်တို့ အပ်နှင်းထားသော လက်နက် ခဲယမ်း များဖြင့် ပြန်လည် အန္တရာယ်ပြုနေကြ
သောကြောင့် ကျွန်ုပ်တို့ မှာ အလျင်းသင့်ရာ တိုင်းနိုင်ငံ အသီးသီးသို့ ၀င်ရောက် ခိုလှုံ နေကြရပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသား ညီအကို မောင်နှမများမှ ခြံစောင့်များကို ကြောက်လန့် ပြီး ထွက်ပြေး နေပါက ကျွန်ုပ်တို့ ဘိုးဘွားပိုင် ခြံမြေသည် ခြံစောင့်များ၏ လက်ချက်ဖြင့် ကြေမွ သွားပေလိမ့်မည်။ ကျွန်ုပ်တို့ သည်လည်း အိမ်မဲ့ ခြံမဲ့ ဖြစ်ရချေမည်။

သို့ပါသောကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသား ညီအကို မောင်နှမများမှ ခြံစောင့်များကို ပြန်လည် တိုက်ထုတ်ကြပါရန် နှိုးဆော်အပ်ပါသည်။

ကျော်သူ(မိဘမေတ္တာ)
အာဏာရှင် ချေမှုန်းရေး အင်အားစု

1 comment:

Unknown said...

ပည်တွင်းပြည်ပက မသာတွေကို ခုတုံးလုပ်လုပ်နေတဲ့ နိုင်ငံရေးပွဲစားတွေကို ပြောလိုက်ချင်တာ ကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်လည်းမျှော်လင့်မနေနဲ့၊ ဟိုလူ့ကိုလွှတ်ပေးဒီလူ့ကိုဘာလုပ်ပေး စသည်ဖြင့် အုပ်ချုပ်မှုကန္တယားအပေါ်ကိုလည်း အရှက်မဲ့စွာ မလွှမ်းမိုးချင်နဲ့၊ တိုင်းပြည်ကိုလည်း အောက်လမ်း နည်းဖြင့် သူ့ကျွန်အဖြစ် ပြန်မသွတ်သွင်းချင်နဲ့လို့ ဆိုလိုက်ချင်ပါရဲ့ဗျာ။ မောင်မင်းချင်း