Thursday, March 6, 2008

တော်လှန်ရေးသမားနှင့် အရည်အချင်း

ယနေ့ ကျွန်ုပ်တို့ ချမှတ်လိုက်သော လမ်းစဉ်သည် တော်လှန်ရေးဖြစ်သည်။

ထိုတော်လှန်ရေးသည်
အာဏာရှင်စနစ်ဆိုးကို အမြစ် တွယ်သထက် တွယ်အောင် အမျိုးမျိုး အဖုံဖုံ ဖန်တီးနေ
ကြသော ယုတ်မာ ဆိုးသွမ်းသည့် လူတစ်စုအား အမြစ်ဖြတ် ချေမှုန်းရေးပင်ဖြစ်သည်။
ထိုလူယုတ်မာ တစ်စုအား ချေမှုန်းရာတွင်
သူခိုးလည်း ပါဝင်ခွင့်ရှိသည်။ဒမြလည်း ပါဝင်ခွင့်ရှိသည်။လူဆိုးလည်း ပါဝင်ခွင့်ရှိသည်။
မည်သူ မည်ဝါမှ ပါဝင်ရမည်ဟု ကျွန်ုပ်တို့ မသတ်မှတ်ပေ။
သို့ သော်-
ထိုပုဂ္ဂိုလ်များသည် တော်လှန်ရေး လုပ်နေချိန်တွင် မိမိတို့ ၏တကိုယ်ရေ အကျင့်ဆိုး
များကို ဖျောက်ဖျက် ထားရပေမည်။
“တော်လှန်ရေး သမားတွေက ခိုးနေတယ်။တော်လှန်ရေး သမားတွေက ဒမြတိုက်နေ
တယ်။တော်လှန်ရေး သမားတွေက ဆိုးနေတယ်။”ဟူသော ပြည်သူ့ အသံလှိုင်းများ ပေါ်ထွက်
လာပါက ကျွန်ုပ်တို့ ၏ အာဏာရှင် ချေမှုန်းရေး လမ်းစဉ်သည် ဘယ်သောအခါမှ ဆုံးလိမ့်မည်
မဟုတ်တော့ပေ။
တော်လှန်ရေးသမားနှင့် ပြည်သူ တသွေးတရောင်တည်း ပေါင်းစပ်ကြသည်နေ့ တွင်၊
အာဏာရှင်တို့ ၏ မနက်ဖန် ကုန်ဆုံးသောနေ့ ပင်ဖြစ်သည်။
တော်လှန်ရေးအတွက်
အကြံပေးခြင်း၊ အားပေးခြင်း၊ တိုက်တွန်းခြင်း၊ထောက်ပံ့ခြင်း များသည် မရှိမဖြစ် လိုအပ်သော အရာများဖြစ်သည်။
တားမြစ်ခြင်းသည် ရန်သူ့ အင်အား ဖြစ်သည်။
တော်လှန်ရေးသမား များသည်
(၁)မုချ အောင်ရမည်ဟု တထစ်ချ ယုံကြည်ရမည်။
(၂)အခက် အခဲ အန္တရာယ်ပေါင်းစုံကို ကျော်လွှား နိုင်သည်အထိ စွန့် စားရဲရမည်။
(၃)အသက် သွေး ချွေးတို့ ကို ပေးဆပ် နိုင်သည်အထိ စွန့် လွှတ်ရဲရမည်။
အထက်ပါ သုံးချက်နှင့် ညီညွတ်ပါက
တွေ့ ကြုံ ရင်ဆိုင်လာရမည့် အခက်အခဲ အန္တရာယ်များသည်၊
ကျွန်ုပ်တို့ ၏ တော်လှန်ရေး စိတ်ဓါတ် ခြေဖ၀ါး အောက်တွင်
မြူမှုန်ပမာ ဖြစ်သွားစေရမည်။

No comments: