Saturday, March 1, 2008

“အာဏာရှင် ချေမှုန်းရေး အင်အားစု” ၏ ရည်ရွယ်ချက်

အာဏာရှင် ချေမှုန်းရေး အင်အားစု အဖွဲ့ အား ဖွဲ့ စည်း ရခြင်း၏ အဓိက ရည်ရွယ်ချက် မှာ“အာဏာရှင်စနစ်အား အမြစ်ဖြတ်ချေမှုန်းရန်”ပင်ဖြစ်သည်၊

ဤရည်ရွယ်ချက်ကို ချမှတ်ရခြင်းမှာ

ကျွန်ုပ်တို့ နိုင်ငံသူ နိုင်ငံသား အပေါင်း တို့ သည် လူသားတို့ ရရှိ ခံစား ပိုင်ခွင့် ကောင်းမွေ
မှန်သမျှ အကုန် ဆုံးရှုံး နေရပြီး လူသားတို့ နှင့် မအပ်စပ် လူသားတို့ မခံစား နိုင်သောဆိုး
မွေ မှန်သမျှ တွေကိုသာ ခံစား စံစား နေရခြင်း၊ ပိုင်ဆိုင် နေရခြင်း၊

အာဏာ ဟူသမျှ သည်လည်းကောင်း၊ တိုင်းပြည်၏ သယံဇာတ ပစ္စည်း ဥစ္စာ မှန်သမျှ
သည်လည်းကောင်း၊ လူသားတို့ ခံစား ပိုင်ခွင့် ကောင်းမွေ မှန်သမျှ သည် လည်းကောင်း၊
တစ်ဦး တစ်ယောက်တည်း ထံ၌သာ တည်ရှိ နေရခြင်း စသည် အကြောင်း များကြောင့် ချ
မှတ်ရခြင်း ဖြစ်ပါသည်၊

ဤအာဏာရှင်များသည် ၄င်းတို့ ၏ အာဏာရှင် စနစ်များ သက်ဆိုး ရှည်ရေး အတွက် ကျွန်ုပ်တို့ ၏ အကြောက် တရား တည်းဟူသော အုတ်တံတိုင်း ကြီးကို ခိုင်ခန့် သထက် ခိုင်ခန့် အောင် အမျိုးမျိုး ပြုပြင် မွမ်းမံ နေကြ သည်မှာ အထူး ပြောစရာ မလိုပေ။ နိုင်ငံသူ နိုင်ငံသားတိုင်း နေ့ စဉ် မြင်တွေ့ နေကြ သည်ပင်၊ ဤအာဏာရှင်များ ဆက်လက် သက်ဆိုးရှည် နေပါက ကျွန်ုပ်တို့ ၏ အနာဂါတ် ရွက်သစ်သည် ပိုးထိုး လောက်ကိုက် ထားသည်ထက် ဆိုးဝါး သွားပေ လိမ့်မည်။

အာဏာရှင်သည် သူ ၏ လုပ်ပိုင်ခွင့် ဖြစ်သည့် ညှင်းပန်း နှိပ်စက်မှု မျိုးစုံကို တစ်
ဦး တစ်ယောက်တည်း အပေါ် တွင်သာ ပြုလုပ် နေသည် မဟုတ်ပေ။ တိုင်းသူပြည်သား
အပေါင်းတို့၏ အပေါ်တွင် ပြုလုပ် နေခြင်း ဖြစ်သည်၊

ထို့ အတွက်ကြောင့် အာဏာရှင်ကို တွန်းလှန်ကြရာတွင် တစ်ဦး တစ်ယောက်တည်း ပေါ်တွင် တာဝန်ရှိသည် မဟုတ်။ တိုင်းသူ ပြည်သား အားလုံး၏ အပေါ်တွင် တာဝန် ရှိပေသည်၊

ထိုတာဝန်ကို ထမ်းဆောင်ကြရာတွင်

ခွေးဟောင်သံ ကြားရုံ မျှဖြင့် ထွက်ပြေး သူအား ဟောင်သော ခွေးသည် လိုက်ကိုက်ပေ လိမ့်မည်။ ခွေးကြောက်သူ သည်သာလျှင် ခွေးကိုက် ခံရ တတ်သည်။ ခွေးကိုမကြောက်သူ၊ ကိုက်သော ခွေးကို ပြန်ရိုက် ရဲသူသည် ခွေးကိုက် ခံရ ခြင်းမှ လွတ်မြောက် ရရုံတင် သာမက ထို ကိုက်တတ်သော ခွေးသည် ပင်လျှင် နောက်နောင် မည်သူ့ ကိုမှမကိုက်ရဲ တော့ပေ၊

ယနေ့ ကျွန်ုပ်တို့ တိုင်းသူ ပြည်သား များကို လိုက်ကိုက် နေသော ခွေးသည် သာမန်ခွေး မဟုတ်။ မြင်မြင်သမျှ အကုန် လိုက်ကိုက် ရဲအောင် စနစ်တကျ သင်ပေး ထားသော စစ်ခွေး များပင် ဖြစ်သည်၊

ထိုစစ်ခွေးများ၏ ကိုက်ဖြတ်မှု ဒဏ်ကြောင့် ကျွန်ုပ်တို့ တိုင်းသူ ပြည်သား များမှာ ဒဏ်ရာ ဒဏ်ချက် ပေါင်း မြောက်များစွာ တို့ ဖြင့် သေကျေ ပျက်စီး ခဲ့ရ လေပြီ။

တိုင်းနိုင်ငံ အနှံ့ အပြားတွင် သေနတ် တည်းဟူသော အစွယ်များနှင့် မဲမဲလှုပ် နေသော စစ်ခွေးများကြောင့် တိုင်းသူ ပြည်သား အပေါင်း တို့ မှာ တစ်ကိုယ်ရေ ၀မ်းစာ အတွက် တောင် လွတ်လွတ် လပ်လပ် ရှာဖွေ လုပ်ကိုင် စားသောက်ခြင်း မပြုဝံ့ ကြတော့ဘဲ နီးစပ်ရာ တိုင်းနိုင်ငံ အသီးသီးသို့ ဝင်ရောက်ခိုလှုံပြီး အလုပ် သမား ကျေးကျွန် အဖြစ် စတေး ခံနေ ကြရ လေသည်၊

ပြေးသူများ လွတ်မြောက် ခဲ့ကြရ သော်လည်း မပြေးသူ များမှာ ခွေးရိုက်ဒုတ် မရှိသဖြင့် အကိုက်ခံ နေကြရ လေသည်။

သို့ အတွက်ကြောင့် ခွေးကိုက် မခံရသော သူများမှ ရရာ လက်နက် ကိုင်ဆောင်ပြီး ကိုက်သော ခွေးများကို ၀ိုင်းဝန်း ရိုက်နှက် ကြမှသာ ကျွန်ုပ်တို့ အားလုံး ခွေးကိုက်သော ဒဏ်မှ ကျွတ်လွတ် ကြပါ လိမ့်မည်။

ခွေးကို ရိုက်သူ ။ ရိုက်ရဲသူ။
ရိုက်သူ လည်းလွတ် ။ခွေးလည်း ကျွတ်၊

ဤကား ကျွန်ုပ်တို့  “အာဏာရှင် တော်လှန်ရေး အင်အားစု” ၏ ရည်ရွယ်ချက် ပင်တည်း၊

ကျော်သူ (မိဘ မေတ္တာ)

No comments: