Saturday, March 1, 2008

“အာဏာရှင် ချေမှုန်းရေး အင်အားစု” ဖွဲ့စည်းကြောင်း ကြေညာခြင်း

ရက်စွဲ--- ၂၉-၂-၂၀၀၈

မြန်မာသက္ကရာဇ် ၁၃၆၉ ခု တပိုတွဲလဆုတ် (၃)ရက် ခရစ် သက္ကရာဇ် ၂၀၀၈ ခု ဖေဖေါ် ၀ါရီလ (၂၄) ရက် တနင်္ဂနွေ နေ့ တွင်“အာဏာရှင် ချေမှုန်းရေး အင်အားစု”အဖွဲ့  အား လွတ်လပ် နယ်မြေ တနေရာတွင် ဖွဲ့ စည်း လိုက်ပါသည်၊

အဖွဲ့  ဖွဲ့ စည်းပြီးနောက်
လမ်းစဉ် - တော်လှန်ရေး။
လမ်းကြောင်း- နည်းမျိုးစုံ။
ရည်ရွယ်ချက်- အာဏာရှင် စနစ်အား အမြစ်ဖြတ် ချေမှုန်းရန်

ဟူသော အချက်(၃)ချက်ကို ချမှတ် ခဲ့ပါသည်။

ကျွန်ုပ်တို့ လူမျိုးများ စတင် ပေါ်ပေါက် လာသည် အချိန် အခါ မှစ၍ ယနေ့ အချိန် အထိ သည် အာဏာရှင် စနစ် အောက် ၌သာ ရှင်သန် ကြီးထွားပြီး ရုန်းကန် လှုပ်ရှားနေကြ
ရပါသည်၊

ကိုယ်မင်းကိုယ်ချင်း နေလာခဲ့ သော်ငြားလည်း အာဏာရှင်များ ကြီးစိုး ချယ်
လှယ်မှု အောက်၌သာ နစ်မွန်း ခဲ့ရ ပါသည်၊

အာဏာရှင်များ တစ်ခေတ်ပြီး တစ်ခေတ် တစ်မင်းပြီး တစ်မင်း ပုံသဏ္ဍာန် အမျိုး
မျိုး ဖြင့် ပေါ်ပေါက် လာခဲ့ ကြရာတွင် ယနေ့ ကျွန်ုပ်တို့ လက်ထက် စစ်အာဏာရှင်သည်
အာဏာရှင် တကာ့ အာဏာရှင် ထဲမှာ အဆိုးဝါး ဆုံးသော အာဏာရှင် ဖြစ်နေ သည်ကို
ကျွန်ုပ်တို့ မျက်ဝါး ထင်ထင် တွေ့ မြင် နေကြရ ပါသည်၊

ဤကဲ့သို့ အာဏာရှင် စနစ်များ ဆက်လက် တည်တံ့ ခိုင်မြဲ လာရ ခြင်း၏ အဓိက
တရားခံမှာ တခြားသူ မဟုတ်ပေ။ ကျွန်ုပ်တို့ ၏ အကြောက် တရား များပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ၏ အကြောက် တရား များကို ကျားကုတ် ကျားခဲ ခံမြေ ကတုတ် ပြုလုပ်ပြီး သူတို့ ၏ အာဏာရှင် စနစ် များကို ဆက်လက် ရှင်သန်အောင် ပြုလုပ် ခဲ့ကြ ခြင်းသာ

ဖြစ်ပါသည်။ သို့ အတွက် ကြောင့်လည်း ကျွန်ုပ်တို့ အဘိုး အဘွား မိဘများ ရင်ဆိုင် ခဲ့ကြရ
သော အနာဂါတ်သည် ဖိနှိပ် ချုပ်ချယ် ခံရခြင်း အတိ ဖြင့်သာ အဆုံးသတ် ခဲ့ရ ပါသည်။

ယနေ့ ကျွန်ုပ်တို့ နှင့် မလွဲမသွေ ထိပ်တိုက် ရင်ဆိုင် ရမည့် အနာဂါတ်သည် အာ
ဏာရှင် စနစ် ဆိုးအား အမြစ်ပါ မကျန် တွန်းလှန် တိုက်ခိုက် ဖြိုခွင်းပြီး ဒီမိုကရေစီ စနစ်
ထွန်းကားရေး၊ နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက် ရေးနှင့် နိုင်ငံသူ နိုင်ငံ သားများ အဆင့် အတန်း မြင့်မြင့် မားမား နေထိုင် နိုင်ရေး တို့ ကို အားသွန် ခွန်စိုက် ကြိုးစားရင်း အဆုံးသတ် စေရ မည်ဟု ယတိဖြတ် သန္ဒိဋ္ဌာန် ပြုအပ် ပါသည်၊

(သန္ဒိဋ္ဌာန် - စိတ်ဆုံးဖြတ်ခြင်း- စိတ်ပိုင်းဖြတ်ခြင်း)

ကျော်သူ (မိဘ မေတ္တာ)

No comments: